2011-05-12

ဘုန်းတော်ကြီးသင်ကျောင်း အတွက် ဒေါ်အောင်ဆန်းစုကြည် မတည်ငွေလှူ

မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ် အတွင်းက ကူညီသူ ကင်းမဲ့နေတဲ့ ဘုန်းတော်ကြီးသင် ပညာရေး ကျောင်း တကျောင်း အတွက် မတည် ရံပုံငွေ အဖြစ် အလှူငွေ ကျပ်(၁၀) သိန်းကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မနေ့က ပေးအပ် လှူဒါန်းလိုက်တယ်လို့ ကျောက်ပန်းတောင်း မြို့နယ် NLD စည်းရုံးရေး အဖွဲ့ဝင် ဦးအေးခိုင်က ပြောပါတယ်။

AFP

ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများသည် သာသနာရေးကိစ္စများ ဆောင်ရွက်တော်မူရုံ သာမက ပရဟိတ စာသင်ကျောင်းများကိုလည်း ဖွင့်လှစ်သင်ကြားပေးလေ့ ရှိပါသည်။ (Photo: AFP)

အဲဒိ ဘုန်းတော်ကြီး ပညာသင်ကျောင်းဟာ ကျောက်ပန်းတောင်းမြို့ပေါ်ကနေ မိုင် (၂၀) လောက်ဝေးတဲ့ ကျွဲကန်-အင်တော ကျေးရွာမှာ တည်ရှိပြီး အလယ်တန်း အထိ ကျောင်းသား (၂၅၀) လောက်ကို နှစ်စဉ် ပညာ သင်ကြား ပေးနေတယ်လို့ သိရပါတယ်။ ပျက်စီး ယိုယွင်းနေတဲ့ ကျောင်းဆောင် ဆောက်လုပ်ဖို့ ရံပုံငွေ လိုအပ်ချက်ကို အစိုးရ အာဏာပိုင်တွေထံ လွန်ခဲ့တဲ့ ငါးနှစ်လောက်က စလို့ အကြိမ်ကြိမ် အကူအညီ တောင်းခံခဲ့ပေမယ့် မရရှိခဲ့ဘူးလို့ သိရပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ မတည်ပေးမှုကြောင့် ကျောင်းဆောင်သစ် ပြန်လည် ဆောက်လုပ်ဖို့ မျှော်လင့် နိုင်ပြီဖြစ်ပြီး၊ စာသင်ကြားမှုတွေ ရပ်ဆိုင်းရမယ့် အခြေအနေက ကင်းဝေးသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။ အခုလို ဒေါ်အောင်ဆန်းစုကြည် ရံပုံငွေ မတည် လှူဒါန်းမှုနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်ရဲ့ ဆက်သွယ် တင်ပြချက်ကို နားဆင်နိုင်ကြပါတယ်။

0 comments: