ပါရီ- လစ်ဗျားခေါင်းဆောင် မွမ်မာကဒါဖီ၏ စစ်တပ်အား နိုင်ငံတကာ တပ်များ၏ စစ်ဆင်ရေးဆောင်ရွက်မှုသည် ရက်ပိုင်း သို့မဟုတ် ရက်သတ္တ ပတ်အချိန်ကာလသာကြာရှည်ဖွယ်ရှိပြီး လနှင့်ချီ၍ ကြာမြင့်မည်မဟုတ် ကြောင်း ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာအလိန်းဂျပ်ပီက လစ်ဗျား နိုင်ငံအပေါ် စစ်ရေးအရဆောင်ရွက်မှုမှနေ၍ ဆီးရီးယားနှင့် ဆော်ဒီအာ ရေးဗီးယားအပါအ၀င် သက်ဦးဆံပိုင်ဘုရင်စနစ်အုပ်စိုးသောနိုင်ငံများအား သတိပေးမှုအဖြစ်ဆောင်ရွက်သည့် လှုံ့ဆော်မှုအဖြစ် မျှော်လင့်မိကြောင်း ပြောကြားခဲ့သည်။
အာဏာရှင်တို့၏အလုပ်သည် အလွန်အန္တရာယ်ကြီးသော အလုပ်ဖြစ်သည်ဟုဆိုပြီး ယခုအခါ ဗိုလ်မှူးကြီးကဒါဖီအနေဖြင့် နိုင်ငံ တကာပြစ်မှုဆိုင်ရာတရားရုံး၏ ပစ်မှတ်ထားခြင်းကိုခံနေရပြီဖြစ်ကြောင်း မစ္စတာဂျပ်ပီက ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂနှင့် နေတိုးတွေ့ဆုံဆွေးနွေးပွဲမတိုင်မီ မစ္စတာ ဂျပ်ပီက သတင်းထောက်များအား ပြောကြားခဲ့ခြင်းဖြစ်ပြီး ဥရောပသမဂ္ဂ နှင့် နေတိုးတို့က လစ်ဗျားအပေါ် လေကြောင်းတိုက်ခိုက်မှုပြုရန်စေ့စပ်ညှိ နှိုင်း၍ စည်းရုံးလှုံ့ဆော်ရန် ဆွေးနွေးမှုပြုခဲ့ကြခြင်းဖြစ်သည်။ လေကြောင်း တိုက်ခိုက်မှုတွင် အဓိကအားဖြင့် အမေရိကန်၊ ဗြိတိန်နှင့် ပြင်သစ်စစ်တပ် တို့က ပါဝင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
မစ္စတာဂျပ်ပီက သတင်းထောက်များအားပြောကြားရာတွင် ကဒါဖီ၏တပ်များအား တိုက်ခိုက်မှုသည် လနှင့်ချီ၍ကြာမည်မဟုတ်ဘဲ ရက်ပိုင်းအားဖြင့်သာကြာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဗိုလ်မှူးကြီးကဒါဖီ၏ (၄၁)နှစ်ကြာအုပ်ချုပ်မှုကို အဆုံးသတ်ရန် ကြိုးပမ်းသည့် ပုန်ကန်သူတို့၏တပ်များအား တန်ပြန်ထိုးစစ်ဆင်နေသော ကဒါဖီ၏တပ်များကို ရပ်တန့်ရန်ရည်ရွယ်၍ ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ စစ်ရေးအရစွက်ဖက်မှုကို ပြင်သစ်တို့ကဦးဆောင်ခဲ့သည်ဟု သိရသည်။
လစ်ဗျားနိုင်ငံအား ၀င်ရောက်စွက်ဖက်မှုတွင် စစ်ရေးနှင့် နိုင်ငံ ရေးနှစ်ဖက်မှ စွက်ဖက်မှုပြုမည်ဖြစ်ပြီး စစ်ရေးအရစွက်ဖက်မှုတွင် နေတိုး က တာဝန်ယူဆောင်ရွက်၍ နိုင်ငံရေးအရဆောင်ရွက်မှုတွင် အာရပ်နိုင်ငံ များအပါအ၀င် အမေရိကန်၊ ဥရောပ၊ အာရပ်နှင့် အာဖရိကတို့မှ အရာရှိ များကို လန်ဒန်တွင်တွေ့ဆုံကာ လစ်ဗျားနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံရေးအရ ပြောဆိုဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
0 comments:
Post a Comment