2011-04-16

အတာရေနဲ့အတူ


အတာရေနဲ့အတူ
နှစ်ကူးချိန် အခါသမယ
အတာရေသွန်းလောင်းချိန်မှာ
ရွှေရည်စိမ် အပြုံး
ရွှေရည်စိမ် စေတနာ၊
ရွှေရည်စိမ် အမုန်း
ရွှေရည်စိမ် မေတ္တာ၊
ရွှေရည်စိမ် မောင်နှမ
ရွှေရည်စိမ် သစ္စာ၊
ရွှေရည်စိမ် ဘဝ
ရွှေရည်စိမ် မိတ်သဟာ၊
ရွှေရည်စိမ် ဖွဲ့စည်းပုံ
ရွှေရည်စိမ် ဒီမိုကရေစီတို့
အတာရေနဲ့အတူ
ကွယ်ပျောက်ပါစေသား။
မြန်ပြည်သူတို့ဘဝ
အေးချမ်းပါစေသား။
ခင်မမမျိုး (၁၂၊ ၄၊ ၂၀၁၁)

0 comments: