2010-12-15

ကရင်ပြည်နယ်တွင်း တိုက်ပွဲများ ဆက်ဖြစ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်အတွင်း တိုက်ပွဲများ ကြိုကြားဆက်ဖြစ်နေရာ မနေ့က ကော့ကရိတ်မြို့နယ်တွင်း တိုက်ပွဲတခုတွင် စစ်အစိုးရတပ်ဘက်မှ ၉ ဦးကျဆုံးပြီး ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ကရင်တပ်များက ပြောသည်။

ကော့ကရိတ် ဝေါလေ ဒေသသို့ တပ်အင်အားဖြည့်တင်းရန် အင်အား ၁၀၀ ကျော်ဖြင့် ချီတက်လာသည့် စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ် ၁၂ လက်အောက်ခံ ခလရ ၂၉၉ တပ်ရင်းကို ဒီကေဘီအေမှ ဗိုလ်မှူးချုပ် စောလားပွယ်၏ ကလို့ထူးဘော ဗျူဟာ ဗဟိုလုံခြုံရေး တပ်ခွဲ တပ်ရင်း အင်အား ၆၀ ခန့် လူစုခွဲ၍
ပြောက်ကျားစနစ်ဖြင့် ခြုံခိုတိုက်ခိုက်ခဲ့သည်ဟု ပြောသည်။

DKBA

photo :: burmalibrary.org

မြဝတီနှင့် မိုင် ၃၀ ကျော်ဝေးသည့် ကလို့ထူးဘော ဗဟို ဌာနချုပ်အနီးရှိ ချူးကလီး၊ ကွီးသာအို၊ တနော်ထ ရွာများအနီး နှစ်ဖက်တပ်များ မော်တာ၊ လက်ပစ်ဗုံးများနှင့် တနာရီကျော်ကြာ တိုက်ခဲ့ကြသည်ဟု DKBA ဗဟိုလုံခြုံရေး တပ်ခွဲ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ တိုက်ပွဲတွင် ပူးပေါင်း တိုက်ခိုက်မှု မရှိသော်လည်း ဒီကေဘီအေ တပ်များ၏ နောက်တွင် ကရင်အမျိုးသား အစည်းအရုံး တပ်များက ကူညီစောင့်ကြပ်ပေးခဲ့သည်ဟု ကရင်အမျိုးသား လွတ်မြောက်ရေး ၂၀၁ တပ်ရင်းမှူး ဗိုလ်မှူးကြည်အောင်က ပြောသည်။

တိုက်ပွဲများကြောင့် ထိုရွာများမှ ရွာသား ၂၀၀ ကျော် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကူးပြောင်းခိုလှုံခဲ့ကြပြီး ၎င်းတို့ကို
မဲဆောက်မြို့ရှိ ဒေါက်တာ စင်သီယာမောင်၏ ကျောင်းသားဆေးခန်းမှ အစားအစာ၊ သောက်ရေနှင့် ဆေးဝါးများ သွားလှူဒါန်းခဲ့သည်။

“ ဒုက္ခသည်တွေက ကယ်ဆယ်ရေး စခန်းလိုမျိုး နေရာတွေမှာ မနေကြတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သေနတ်သံ မကြားတော့ဘူးဆိုရင် ထိုင်းဘက်ကပြန်ပို့၊ ပြန်ဖြစ်ရင် ပြန်လာဆိုတောလေ။ အခု သူတို့ ဒီဘက်ခြမ်းက လယ်ကွင်းတွေ၊ ချောင်းနဘေးတွေ၊ နီးစပ်ရာ အမျိုးတွေရှိတဲ့ နေရာတွေမှာ စုနေကြတယ်” ဟု မယ်တော်ဆေးခန်းမှ ကျန်းမာရေးမှူး ဦးသာဝင်းက မဇ္ဈိမကို ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တွင် နိုဝင်ဘာ ၈ ရက်က စတင်သော တိုက်ပွဲများကြောင့် မဲဆောက်မြို့နယ် ဖုတ်ဖရာ့တွင် ၂,၂၄၇ ဦး၊ မဲဆောက်တွင် ၇၅၈ ဦး၊ အုံးဖန်တွင် ၅၅၀ ရှိသေးကြောင်း ဦးသာဝင်းက ပြောသည်။

KNLA တပ်မဟာ ၆ နယ်မြေနှင့် နီးကပ်နေသည့် ဝေါလေဒေသတွင် စစ်အစိုးရတပ်များ ပြင်ဆင် ဖြည့်တင်းနေသည်ဟုလည်း ဗိုလ်မှူးကြည်အောင်က ပြောသည်။

စစ်အစိုးရက တိုက်ပွဲသတင်းများကို ယခုတိုင် ထုတ်ပြန်မှု မရှိသေးပေ။

လွန်ခဲ့သည့် နှစ်ပတ်အတွင်း မြဝတီနှင့် ကော့ကရိတ်မြို့နယ်များတွင် ဖြစ်ပွားသော တိုက်ပွဲများတွင် စစ်အစိုးရတပ် သာမက ဒီကေဘီအေဘက်မှလည်း အကျအဆုံးများရှိခဲ့သည်ဟု ကရင်တပ်မှူးများက ပြောသော်လည်း အသေးစိတ်ပြောရန် ငြင်းဆန်သည

0 comments: