2010-11-17


Call phone
Offline
Offline
Offline
Offline
Offline
Offline
Offline


Offline
Offline

မြန်မာစစ်တပ်က မြ၀တီနှင့် ဘုရားသုံးဆူကို ပြန်လည် စိုးမိုး & မြန်မာ-ဒီကေဘီအေ တိုက်ပွဲပေါ် ကေအိုင်အေ အနီးကပ် စောင့်ကြည့် & တိုက်ပွဲကြောင့် စစ်ပြေးများ နေရပ်မှ ဆက်လက် ထွက်ခွာဆဲ &






Inbox

X





Reply
|

Co2zeиith

to mrhtutkoko, luthit.amarapu.


ပုံများ စာများ မပေါ်ပါက Display Image Below ( သို့ ) Always Display Image Below ကို နှိပ်ပါ။
ဓာတ်ပုံများ ချဲ့ ၍ကြည့်လိုလျှင် ပုံပေါ်တင်၍ ကလစ်ခေါက်လိုက်ပါ။
“လူမသိ သူမသိ သေခဲ့ရတဲ့ ဘ၀တွေ၊ လူသိသူသိ နှိပ်စက်ရိုက်နှက်လို့ သေခဲ့ရတဲ့ ပြည်သူတွေ၊ လက်ပြန်ကြိုးတုပ်ပြီး စစ်ခွေးတိုက်က လောကငရဲ ခံနေရတဲ့၊ ခံနေရဆဲ နိုင်ငံရေးအကျဉ်းသားတွေ၊ ပူပင်သောကတွေနဲ့ သားသမီးတွေအတွက် ဒုက္ခပင်လယ်ဝေနေရတဲ့ မိဘတွေ ... သူတို့တွေ သူတို့တွေအတွက် ကိုယ်ချင်စာတရား ထားနိုင်ကြဖို့ အသိတရားတွေရှိဖို့ အားလုံးက မကြိုးစားသင့်ဘူးလား” (အက်ဆစ်)

မြန်မာ-ဒီကေဘီအေ တိုက်ပွဲပေါ် ကေအိုင်အေ အနီးကပ် စောင့်ကြည့်

အင်္ဂါနေ့၊ နိုဝင်ဘာလ 09 ရက် 2010 ခုနှစ် ကချင်သတင်းဌာန သတင်း - ကချင်သတင်းဌာန

ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (ကေအိုင်အေ) သည် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် တပ်မတော် (ဒီကေဘီအေ) နှင့် မြန်မာ စစ်အစိုးကြား ဖြစ်ပွားနေသော ထိုင်းနယ်စပ် အနီး မြ၀တီ စစ်ပွဲအား အနီးကပ် စောင့်ကြည့်နေသည်ဟု ကေအိုင်အေမှ သိရသည်။

Myawaddy-refugeeနိုဝင်ဘာ ၇ ရက် ရွေးကောက်ပွဲနေ့မှ ဒီကေဘီအေ တပ်မဟာ ၅ မှ တပ်ဖွဲ့များ မြန်မာ စစ်အစိုးရ ထိန်းချုပ်သည့် မြ၀တီမြို့ထဲ ၀င်ရောက်ပြီး အရေးပါသော နေရာများကို သိမ်းပိုက်ခဲ့ရာမှ မြန်မာ တပ်များနှင့် စစ်ပွဲ စတင်ခဲ့သည်။နှစ်ဖက် တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရရှိကြောင်းနှင့် ထောင်ဂဏန်း ရှိသော စစ်ပြေးဒုက္ခသည်များ တစ်ဖက်နိုင်ငံ မဲဆောက်သို့ သောင်းရင်းမြစ် (ထိုင်းလို Moui မြစ်) ကို ဖြတ်ကူးကာ ထိုင်းနိုင်ငံထဲသို့ ခိုလှုံလာကြသည်။ ဒီကေဘီအေမှ မြန်မာစစ်သား ၈ ဦး ဖမ်းဆီးရမိကြောင်း အစီရင်ခံစာ တစ်ခုက ဆိုသည်။မြ၀တီမြို့တောင်ဘက် ဘုရားသုံးဆူ ထိုင်း-မြန်မာနယ်စပ်တွင်လည်း ဒီကေဘီအေ တပ်ဖွဲ့ အစိုးရ အဆောက်အဦးများအား မီးရှို့လိုက်သည်။လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု ထိုင်းနိုင်ငံဘက်ခြမ်းအထိ ဖြစ်ပွားကြောင်း သိရသည်။နှစ်ဖက် စစ်ရေး အခြေအနေကို အသေးစိတ် အကဲခတ်လေ့လာနေကြောင်းနှင့် ၎င်းတို့၏ တပ်ဖွဲ့များကို ကချင်ပြည်နယ် တ၀န်းနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် တပ်လန့်ထားကြောင်း ကေအိုင်အေမှ သိရသည်။
ကေအိုင်အေသည် ယမန်နေ့ ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာမည့် စစ်အစိုးရသစ်နှင့် ဖြစ်လာမည့် ပြည်တွင်းစစ်အတွက် စစ်ရေး ပြင်ဆင်နေပါသည်။

အောက်တိုဘာ ၁၅ ရက်နေ့က မြန်မာစစ်အစိုးရက ကေအိုင်အေအား “သောင်းကျန်းသူ” ဟု ကြေငြာခဲ့ပြီး ကေအိုင်အေနှင့် ၁၆ နှစ် သက်တမ်း ရှိသည့် အပစ်အခတ်ရပ်စဲရေးကိုလည်း ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။နိုဝင်ဘာလ ၅ ရက် ထိုင်း-မြန်မာနယ်စပ် တစ်နေရာတွင် ပြုလုပ်သည့် တိုင်းရင်းသားစစ်ရေးမဟာမိတ် ၆ ဖွဲ့၏ အစည်းအဝေးမှ “ပြည်ထောင်စုတပ်ဖွဲ့နှင့် ပြည်ထောင်စု နိုင်ငံရေး လမ်းစဉ်” ကို လက်တွေ့လုပ်ဆောင်သွားရန် သဘောတူခဲ့သည်။စစ်ရေး မဟာမိတ် အဖွဲ့တွင် ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်)၊ ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (ကေအိုင်အေ)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ)၊ ကရင်အမျိုးသား အဖွဲ့ချုပ် (ကေအဲန်ယူ)၊ မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ) နှင့် ရှမ်းပြည်တပ်မတော်-မြောက်ပိုင်း (အက်စ်အက်စ်အေ-အဲန်) တို့ ပါဝင်သည်။တိုင်းရင်းသား စစ်ရေးမဟာမိတ် ၆ ဖွဲ့သည် မိမိတို့ အဖွဲ့ဝင် တခုခုအား စစ်အစိုးရမှ တိုက်ခိုက်လာလျှင် ၀ိုင်းတိုက်ကြမည် ဖြစ်သည်။ဘုရားသုံးဆူ တိုက်ပွဲတွင် ဒီကေဘီအေထံသို့ ကေအန်ယူက တပ်ကူ ၃၀၀ ဖြည့်တင်းပေးကြောင်း သိရသည်။ သို့သော် ယခုအချိန်ထိ တိုင်းရင်းသားစစ်ရေး မဟာမိတ်အဖွဲ့မှ စစ်ရေးတုန့်ပြန်ခြင်း မရှိသေးပါ/ ရွေးကောက်ပွဲနေ့မှ စတင်တဲ့ မြန်မာစစ်တပ်နဲ့ ဒီကေဘီအေ တိုက်ပွဲကြောင့် ထိုင်းဘက် မဲဆောက်မြို့သို့ ဒုက္ခသည် ၂၀၀၀၀ ကျော် ထွက်ပြေးရောက်ရှိနေပြီ ဖြစ်တည်။

၂၀၁၀ စက်တင်ဘာ-နိုဝင်ဘာလ ဓါတ်ပုံများ

တနင်္လာနေ့၊ စက်တင်ဘာလ 06 ရက် 2010 ခုနှစ် မာလ်တီမီဒီယာ - ဓါတ်ပုံကဏ္ဍ

မဲရုံမှူးများက မဲများကို ရေတွက်နေစဉ် (ဓါတ်ပုံ-ခိုနုမ်းထုန်)။ မဲဆောက်မြို့မှ ပြန်လာသည့် မြန်မာဒုက္ခသည်များ :: နအဖ တပ်နှင့် ဒီကေဘီအေ ခေါ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်အကြား မြဝတီတွင် တိုက်ပွဲ မဖြစ်တော့ကြောင်း ကြားသိရပြီးနောက် ထိုင်းနိုင်ငံ မဲဆောက်မြို့မှ ပြန်လာသည့် မြန်မာ ဒုက္ခသည်များကို တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ယနေ့ နံနက်ပိုင်းတွင် စစ်အစိုးရ တပ်ဖွဲ့များက မြို့၏ အချက်အချာ နေရာများတွင် ပြန်လည် နေရာယူနိုင်ခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် မဲဆောက်မြို့၌ ထွက်ပြေးရောက်ရှိနေသော မြ၀တီမှ ပြည်သူများ ဓါတ်ပုံ-ကေအိုင်စီ)။ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မဲရုံ တာဝန်ရှိသူတဦးက မဲရေတွက်နေစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)။ မဲဆန္ဒရှင် အများဆုံး နယ်မြေတခုဖြစ်သည့် ရန်ကုန် တောင်ဥက္ကလာပတွင် အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီ ကိုယ်စားလှယ်လောင်း ချင်းအမျိုးသမီး ဒေါ်ကမ်ခန့်ဒိန်အတွက် နောက်ဆုံး မဲဆွယ်ရက် နိုဝင်ဘာလ ၆ ရက် ယနေ့တွင် အရှိန်မြှင့် လုပ်ဆောင်နေကြရာ စက်ဘီးဖြင့် ရှေ့ပြေး လှည့်လည်နေသူများပုံ (ဓာတ်ပုံ - မဇ္ဈိမ)။ ကြံ့ဖွံ့က ရန်ကုန်မြို့တော်ဝန် ဦးအောင်သိန်းလင်း ဝင်ပြိုင်သည့် ယင်းမဲဆန္ဒနယ်၌ အခြား ပြိုင်ဘက်တဦးမှာ တသီးပုဂ္ဂလ ကိုယ်စားလှယ် နိုင်ငံရေး အကျဉ်းသားဟောင်း ဦးကောင်းမြင့်ထွဋ် ဖြစ်သည်။ နိုဝင်ဘာ ၇ရက် ဖားအံမြို့နယ် တောင်ကလေးကျေးရွာရှိ မဲဆန္ဒရှင်များ အထက်တန်း ကျောင်းခွဲတွင် မဲပေးနေပုံ (ဓါတ်ပုံ-ကေအိုင်စီ)။ ဒေါ်အောင်ဆန်းစုကြည် လွတ်ရန် ၇ ရက်သာ လို :: ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့၌ ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံကြီး ၂ ပုံကို ချိတ်ဆွဲထားသည်ကို တွေ့ရှိရသည် (ဓာတ်ပုံ - မဇ္ဈိမ)။ တံခါးမကြီး၏ ညာဘက်ပုံမှာ ရွေးကောက်ပွဲ မဲမပေးရေးကို ညွှန်းဆိုထားပြီး၊ ဘယ်ဘက်ပုံမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရန် ၇ ရက်သာလိုသည်ဟူသော ဓာတ်ပုံဖြစ်သည်။ စစ်အစိုးရက ရွေးကောက်ပွဲကို ယခုလ ၇ ရက်နေ့တွင် ကျင်းပမည်ဟု ပြောဆိုထားပြီး၊ နေအိမ်အထိန်းသိမ်းခံရာမှ ယခုလ ၁၃ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်မည်ဟု အန်အယ်ဒီခေါင်းဆောင်များက ယုံကြည်ထားသည်။ ရေလမ်းနဲ့လည်း NDF မဲဆွယ် :: အမျိုးသား ဒီမိုကရေစီ အင်အားစု NDF က ရန်ကုန်တိုင်း သံလျင်မြို့နယ်တွင် မဲဆွယ်စည်းရုံးရေး လှည့်သည်ကို တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ NDF ကို ၉ဝ ရွေးကောက်ပွဲနိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD မှ ခေါင်းဆောင်အချို့ ခွဲထွက်ကာ ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ရွေးကောက်ပွဲ အခြေပြုထားသော ၂ဝဝ၈ အခြေခံဥပဒေမှာ ဒီမိုကရေစီ နည်းလမ်းမကျဘဲ စစ်အုပ်ချုပ်ရေးကို အသက် သွင်းပေးသည်ဟု ဆိုကာ NLD က ရွေးကောက်ပွဲ သပိတ်မှောက်သည်။ ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဟိုကျင်ကျေးရွာမှ အခါလူမျိုး အမျိုးသမီးနှစ်ဦး ပါတီလက်ကမ်းစာစောင် ဖတ်ရှုနေစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ ပင်လယ်ရေ မျက်နှာပြင်အထက် ပေ ၃၅ဝဝ ကျော်ရှိ မတ်စောက်လှသော တောင်တန်းများရှိရာ ယခုဒေသတွင် ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး သိရှိမှု နည်းပါးသည်ကို တွေ့ရသည်။ ဆိုင်ကလုန်ဂီရိ တိုက်ခိုက်ပြီးနောက် ကျောက်ဖြူနှင့် မြို့နယ် တ၀ိုက်မှ ဓါတ်ပုံများ ဖြစ်ပါသည်။ ကျောက်ဖြူ၏ ၇၅ ရာခိုင်နုန်းမှာ ပျက်စီးသွားခဲ့ကြောင်း သိရပါသည်။ သမ္မတလောင်းကို ရည်ရွယ်ပြီးသူ ရှိပြီဟုပြောသည့် ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဋ္ဌေးဦး :: သမ္မတလောင်းကို ရည်ရွယ်ပြီးသူ ရှိပြီဟု ကြံ့ဖွံ့ပါတီ အတွင်းရေးမှူး ဦးဋ္ဌေးဦးက ရန်ကုန်တိုင်း ဗဟန်း ပါတီရုံးချုပ်၌ အောက်တိုဘာ ၂၇ ရက် ၂ဝ၁ဝ ခုနှစ်၊ ယနေ့ မွန်းလွဲ ၂ နာရီတွင် ပထမဆုံး ပြုလုပ်သော ပြည်တွင်းပြည်ပ သတင်းစာ ဆရာများနှင့် သတင်းစာရှင်းလင်းပွဲ၌ ပြောခဲ့သည် (ဓာတ်ပုံ - မဇ္ဈိမ)။ ရန်ကုန်တိုင်း ကြံ့ဖွံ့တာဝန်ခံနှင့် မြို့တော်ဝန် ဦးအောင်သိန်းလင်းနှင့် သတင်းစာဆရာ ၈ဝ ခန့် တက်ရောက်ခဲ့သည်။ ဆိုင်ကလုန်း ဂီရိ တိုက်ခိုက်ပြီးနောက် ကျောက်ဖြူနှင့် မြို့နယ် တ၀ိုက်မှ ဓါတ်ပုံ ဖြစ်ပါသည်။ ကျောက်ဖြူ၏ ၇၅ ရာခိုင်နှုန်းမှာ ပျက်စီးသွားခဲ့ကြောင်း သိရပါသည်။ (ဓါတ်ပုံ-နိရဉ္စရာ) တနင်္သာရီတိုင်း ကော့သောင်းမြို့  တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၏ ရုံး ဖြစ်ပါတယ်။  (ဓါတ်ပုံ-NMG) ကြံ့ဖွံ့ အခမဲ့ဆေးခန်း ဖွင့်လှစ် :: ရန်ကုန်တိုင်း ဗဟန်းမြို့နယ်တွင် အသစ်ဆောက်လုပ်ကာ ရွေးကောက်ပွဲအမှီ ဖွင့်လှစ်လိုက်သော ပြည်ခိုင်ဖြိုး (ကြံ့ဖွံ့) ပါတီ၏ အခမဲ့ဆေးခန်း (ဓာတ်ပုံ - မဇ္ဈိမ)။ ကြံ့ဖွံ့က ရန်ကုန်ရှိ နေရာအများအပြားတွင် ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးအဖြစ် အလားတူ ဆေးခန်းများ ဖွင့်လှစ်ထားသည်။ တနင်္သာရီတိုင်း ကော့သောင်းမြို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၏ ရုံး ဖြစ်ပါတယ်။ (ဓါတ်ပုံ-NMG) တနင်္သာရီတိုင်း ကော့သောင်းမြို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့)၏ ရုံး ဖြစ်ပါသည်။ (ဓါတ်ပုံ-NMG) ကရင်ပါတီတဖွဲ့ ဖြစ်သည့် ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ (PSDP)၏ ကျေးရွာစည်းရုံးရေး လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်း (ဓါတ်ပုံ-ကေအိုင်စီ) NDF လက်ကမ်းကြော်ငြာကို ဖတ်ရှုနေသူတဦး :: အမျိုးသား ဒီမိုကရေစီ အင်အားစု National Democracy Force – NDF ၏ ပါတီ ကိုယ်စားလှယ်လောင်းများ အကြောင်း လက်ကမ်းကြော်ငြာကို ဖတ်ရှုနေသည့် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်မှ အနှေးယာဉ် လုပ်သားတဦး (ဓာတ်ပုံ - မဇ္ဈိမ)။ NDF ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေစဉ် :: အမျိုးသားဒီမိုကရေစီ အင်အားစု NDF ပါတီ၏ ပဲခူးမြို့နယ် ရုံးဖွင့်ပွဲကို ကြာသပတေးနေ့ အောက်တိုဘာ ၇ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က ပြုလုပ်ခဲ့ရာ ပါတီခေါင်းဆောင် တဦးဖြစ်သော ဦးခင်မောင်ဆွေက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးနေစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ ဆန္ဒမဲပေးပုံ သရုပ်ပြသမှု :: ရန်ကုန်မြို့ လသာမြို့နယ်မဲရုံတွင် ဆန္ဒမဲပေးပုံ သရုပ်ပြသမှုတခုကို သောကြာနေ့ အောက်တိုဘာလ ၁ ရက်၊ ၂ဝ၁ဝ ပြည့်နှစ်က ပြုလုပ်ရာ မဲပေးပုံ သရုပ်ဆောင်နေသူ တဦး။ ဓာတ်ပုံ- မဇ္ဈိမ ကေအိုင်အို (ဓါတ်ပုံ-သျှမ်းသံတော်ဆင့်) စစ်တွေ တဘက် ဆတ်ရိုးကျ ဘက်ကမ်းမှ နေ့စား အလုပ်သမားများ စက်ရုံ အလုပ်ရုံများ ရှိရာသို့ အလုပ်ဆင်းရန် သွားနေကြသည့် ပုံများ ဖြစ်သည်။ စက်ရုံ အလုပ်ရုံများမှ လုပ်အားခများကို ဖြတ်တောက်လိုက်သဖြင့် သူတို့ လုပ်အားခမှာ တလနှစ်သောင်း ပတ်ဝန်းကျင်သာ ရရှိပြီး တစ်နေ့ကို ၁၂ နာရီထိ အလုပ်လုပ်နေရကြောင်း သိရသည်။ (ဓါတ်ပုံ-နိရဉ္စရာ) ရခိုင်မှ ကုလားတန်မြစ်နှင့် မေယူမြစ်အား ဆက်သွယ်ထားသော ကင်းချောင်း တူးမြောင်းကို နအဖမှ ဖြတ်ဆည်ပြီး ရထားလမ်း ဖေါက်လုပ်ထားသဖြင့် ဖြတ်သန်း မရတော့၍ စက်လှေ သဗ္ဗာန်များကို တဘက်နှင့် တဘက်တွင် ထားကာ ရထားလမ်းကို ဖြတ်ကျော် ကုန်ပစ္စည်းများကို သယ်ယူနေရသည်။ အဆိုပါ နေရာတွင် ကုန်ပစ္စည်း တန်ဖိုးအလိုက် ခမရ ၅၅ဝ က အကောက်ဂိတ်ဖွင့်၍ ငွေကောက်ခံနေသည်။ ဤချောင်းတူးမြောင်းအား ပြည်သူများ အချိန်တိုအတွင်း သွားလာနိုင်ရန် ရှေးရခိုင် ဘုရင်များက ဖေါက်လုပ်ပေးခဲ့သည်ဟု သိရသည်။ (ဓာတ်ပုံ-နိရဉ္စရာ) ဧရာဝတီဘဏ်သစ် ဖွင့်ပွဲသို့ တက်ရောက်လာသည့် ရန်ကုန် စစ်တိုင်းမှူးသစ် ဗိုလ်မှူးချုပ် ထွန်းသန်း  (ဘယ်အစွန်)၊ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှူး ဗိုလ်ချုပ်တင်ငွေ (အလယ်) နှင့် လုပ်ငန်းရှင် ဦးဇော်ဇော်တို့ကို ယနေ့ စက်တင်ဘာ ၁၆ ရက်၊ ၂ဝ၁ဝ ခုနှစ်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)။ အမေရိကန်၏ စီးပွားရေး ပိတ်ဆို့မှု ခံရသော မက်စ်-မြန်မာ ကုမ္ပဏီပိုင်ရှင် ဦးဇော်ဇော်က ဧရာဝတီဘဏ်၊ ဦးတေဇက အေးရှားဂရင်းဘဏ် တည်ထောင်ခွင့် ရရှိပြီး၊ အခြားသော စစ်အစိုးရ လက်ရင်းလူယုံ လုပ်ငန်းရှင်များဖြစ်သည့် ဦးချစ်ခိုင်နှင့် ဦးနေအောင်က မြန်မာ့ရှေ့ဆောင် ဘဏ်နှင့် အမရာဘဏ်တို့ ထူထောင်ခွင့် ရရှိထားသည်။ စစ်ဗိုလ်များနှင့် ခိုက်ရန် ဖြစ်ပွားမှုတွင်  သေနတ်နှင့် ပစ်ခတ်ခံရ :: ဒေသခံ တပ်မ ၇၇ မှ စစ်ဗိုလ်များနှင့်  ခိုက်ရန်ဖြစ်ပွားမှုတွင် သေနတ်နှင့် ပစ်ခတ်ခံရသဖြင့် အသက် ၂ဝ နှစ်ကျော်  လူငယ် ၂ ဦး သေဆုံးခဲ့အပြီး နောက်တရက် (စက်တင်ဘာ ၅ ရက်နေ့) နေ့လည် ၁  နာရီခန့်တွင် ရုပ်အလောင်းများကို ထုတ်ယူရန် စောင့်ဆိုင်းနေသော  မိသားစုဝင်များနှင့် မိတ်ဆွေများကို ပဲခူးမြို့ ကျုံးရိုးလမ်းရှိ  မြို့နယ်ဆေးရုံကြီး နောက်ဖေးပေါက်တွင် တွေ့ရစဉ် (ဓာတ်ပုံ - မဇ္ဈိမ)

၂၀၁၀ မေ-သြဂုတ်လ ဓါတ်ပုံများ

နောက်ဆုံးဗီဒီယိုများ

လွတ်ပေမယ့် ဆူးခင်းတဲ့လမ်း
ရှော့ (ခ်) ရှိတဲ့ ရွေးကောက်ပွဲ
နိုင်ငံရေး အကျဉ်းသားများ မပါသည့် ရွေးကောက်ပွဲ
LAIZA Market Fire
ရွေးကောက်ပွဲ- အတိုက်အခံများရဲ့ သဘောထား
ရွေးကောက်ပွဲ- ရွှေ့ပြောင်းများ မဲပေးခွင့်မရနိုင်

မပြီးသေးသည့် မြဝတီ တိုက်ပွဲကြောင့် စစ်ပြေးများ နေရပ်မှ ဆက်လက် ထွက်ခွာဆဲ

အင်္ဂါနေ့၊ နိုဝင်ဘာလ 09 ရက် 2010 ခုနှစ် လွတ်လပ်သောမွန်သတင်းအေဂျင်စီ သတင်း - လွတ်လပ်သော မွန်သတင်းအေဂျင်စီ

လွတ်လပ်သောမွန်သတင်းအေဂျင်စီ- မြဝတီမြို့အတွင်း ယနေ့အထိ ဆက်လက် ဖြစ်ပွားနေသော တိုက်ပွဲကြောင့် စစ်ပြေများ ထိုင်ဘက်ကမ်းသို့ ဆက်လက် ထွက်ခွာနေကြပြီး အခြေအနေ မတည်ငြိမ်သေးကြောင်း သိရသည်။ယနေ့မနက်အတွင်း ဒီကေဘီအေမှ လက်နက်ကြီး (၃) ချက် ပစ်ခတ်လိုက်ပြီးနောက် ၁၀ နာရီဝန်းကျင်တွင် စစ်စိုးရဘက်မှလည်း လက်နက်ကြီး (၄) ချက် ပြန်လည်ပစ်လိုက်ကြောင်း သိရသည်။ထိုပစ်ခတ်မှုကြောင့် ဗိုလ်မှူးကြီး နူတ်ခမ်းမွေး တပ်အခြေချရာ ဝေါလီကျေးရွာ၊ ပါလူရွာနှင့် အခြာရွာသားများ ကြောင့်လန့်သဖြင့် ရွာသားပေါင်း ၄၀၀ ကျော် ထိုင်းဘက်ကမ်းသို့ ကူးမည်ဖြစ်ကြောင်းသိရသည်။“ထွက်ပြေးတဲ့ ဒုက္ခသည်တွေတော့ ထပ်ရောက်နေတယ် တဖြည်းဖြည်းနဲ့ပိုလာတယ် မနေ့ကတော့ ၂ သောင်းနီးပါးလောက်ရှိတယ်” ဟု စစ်ပြေးများအာ ကိုယ်တိုင် အကူအညီပေးနေသူတစ်ဦးက ပြောသည်။

ထွက်ပြေးလာသူများကို NGOs အဖွဲ့များ၊ နိုင်ငံတကာ ကူညီစောင့်ရှောက်ရေး အဖွဲ့များ၊ သူဌေးများနှင့် ကျောင်းဆရာ/မများ၊ အမျိုးသမီး ကယ်ဆယ်ရေးအဖွဲ့များအပြင် အခြားသော အဖွဲ့အစည်းများက အစားအသောက်နှင့် အဝတ်အစားများလည်း ထောက်ပံ့နေကြောင်း အကူအညီပေးသူက ပြောပါသည်။၎င်းက “ ဒီလူတွေ လောလောဆယ်ဆယ်တော့ ပြန်လို့ဖြစ်မှာမဟုတ်သေးဘူး၊ ဟိုဘက်မှာက သိပ်မတည်ငြိမ်ဘူးဖြစ်နေတယ် ဒီမှာ ၇ ရက်လောက်တော့ အနည်းဆုံးကြာလိမ့်မယ်”။
မြန်မာဘက်ကမ်း မြဝတီမြို့ပေါ်တွင်လည်း လက်နက်ကြီးများကို အဆင့်သင့်နေရာ အနေအထားဖြင့် ပြင်ဆင်ထားကြောင်း တစ်မြို့လုံးမှာလည်း စစ်သားများဖြင့် ပြည့်နေကြောင်း၊ စစ်သားများလည်း အသင့်အနေအထားရှိကြောင်း ခရီးသွားရန်အတွက် မြဝတီသို့ ရောက်ရှိနေသည့် မျက်မြင်တစ်ဦးက ပြောသည်။

မြန်မာစစ်တပ်က မြ၀တီနှင့် ဘုရားသုံးဆူကို ပြန်လည် စိုးမိုး

Tuesday, 09 November 2010 23:37

ညပိုင်းရောက်လာသည်နှင့် အမျှ မြန်မာစစ်တပ်က ဘုရားသုံးဆူနှင့် မြ၀တီ နှစ်မြို့လုံးကို ပြန်လည် ထိန်းချုပ်ထားနိုင်လိုက်သည်။ တိုးတက်သော ကရင် ဗုဒ္ဓဘာသာ တပ်မတော် (DKBA) က တနင်္လာနေ့က ပြင်းထန်သော တိုက်ပွဲများနောက်ပိုင်းတွင် မြ၀တီမြို့မှာ ခပ်စောစောပိုင်းတွင်ပင် ပြန်လည်ဆုတ်ခွာခဲ့သည်။ ဒီကေဘီအေ တပ်ဖွဲ့များ လက်နက်ခဲယမ်းများ လျော့နည်းလာပြီး အသစ်ပို့သည့် ခဲယမ်းများ မရောက်ရှိနိုင်ပဲ ဖြစ်နေသည်ဆိုသည့် သတင်းများ ထွက်လာပြီး မကြာမီပင် ပြန်လည်ဆုတ်ခွာခဲ့ခြင်း ဖြစ်သည်။မြန်မာစစ်တပ်စစ်ကူများလည်း အင်္ဂါနေ့ အစောပိုင်းက မြ၀တီသို့ ရောက်ရှိလာခဲ့သည်။နှစ်ရက်ကြာတိုက်ပွဲများ နောက်ပိုင်းတွင် ဘုရားသုံးဆူဒေသမှ လူပေါင်း ၇၀၀၀ ခန့် ထိုင်းနိုင်ငံအတွင်း ၀င်ရောက်ခိုလှုံခဲ့သည်။ ဒုက္ခသည်များသည် ထိုင်းနယ်စပ်မြို့တွင်ပင် ခိုလှုံလျက်ရှိကြသည်။

အင်္ဂါနေ့ ညဦးပိုင်းတွင်မူ မြန်မာစစ်တပ်က ဘုရားသုံးဆူမြို့အတွင်း နေရာယူထားပြီး ဒီကေဘီအေ အဖွဲ့များက မြို့စွန်နေရာများတွင် ရောက်ရှိနေခဲ့သည်။မြ၀တီတွင်တော့ မြန်မာစစ်တပ်များက ရဲစခန်းနဲ့ အစိုးရ အဆောက်အဦများတွင် နေရာယူထားခဲ့သည်။ ဘုရားသုံးဆူတွင်လည်း အလားတူပင်ဖြစ်သည်။တနင်္ဂလာနေ့က မြ၀တီနှင့် ဘုရားသုံးဆူနှစ်မြို့လုံး၏ တဖက်ကမ်း ထိုင်းနယ်မြေအတွင်း လက်နက်ကြီးကျည်များ ကျရောက်ခဲ့သည်။ သို့သော်လည်း ထိုင်းအာဏာပိုင်များက တမင်တကာ ချိန်ရွယ် ပစ်ခတ်ခြင်း မဟုတ်ဟု သတ်မှတ်ပြီး ယင်းတို့၏ တပ်ဖွဲ့များကို ပြန်လည်ပစ်ခတ်ခြင်းမပြုရန် ညွှန်ကြားထားခဲ့သည်။တိုက်ပွဲများအတွင်း အရပ်သား သေကြေမှု အများအပြားရှိခဲ့သည်။ သို့ရာတွင် အတိအကျ အရေအတွက်ကို အတည်ပြု၍ မရနိုင်ပဲ ရှိသည်။ ဆေးမှူးများ အဆိုအရ မြ၀တီ ဆေးရုံတွင် ထိခိုက်ဒဏ်ရာရသူ ၁၀၀ နီးပါး ရှိခဲ့သည်။ကရင် အမျိုးသား အစည်းအရုံးက အင်္ဂါနေ့တွင် ဒီကေဘီအေ အဖွဲ့များ ပြန်လည်ပေါင်းစည်းလာပါက တံခါးဖွင့်ထားကြောင်း ပြောဆိုခဲ့သည်။

ကျောက်ဖြူလေဘေးသင့် ဒေသတွင် ၀မ်းလျော့ရောဂါကြောင့် လူ ၂ ဦးသေဆုံး

လေဘေးသင့် ဒေသ တစ်ခု ဖြစ်သော ကျောက်ဖြူမြို့မှ မိုင် ၈၀ အကွာ ကမ်းထောင့်ကြီးရင်း စိတ္တရ ကျေးရွာအုပ်စု စိတ္တရကျေးရွာတွင် လူ ၂ ဦး ၀မ်းရောဂါနှင့် သေဆုံးသွားကြောင်း သတင်း ရရှိသည်။

ရခိုင်လေဘေး ဒုက္ခသည်များ ယခုအချိန်ထိ အမိုးအကာမရှိသော တဲများတွင် နေထိုင်နေကြရဆဲ

ရခိုင်လေဘေး ဒုက္ခသည်များ ယခုအချိန်ထိ အမိုးအကာမရှိသော တဲများတွင် နေထိုင်နေကြရဆဲ

“အခုဝင်လာတဲ့ သတင်းအရ စိတ္တရ ကျေးရွာမှာ ၀မ်းရောဂါနဲ့ လူ နှစ်ဦး ဆုံးပီး လူ ၄၀ ရောဂါ ခံစားနေရတယ်လို့ သတင်း ရရှိပါတယ်။ အချိန်မှီ ဆေးဝါး မကုသနိုင်ဘူးဆိုရင် အခြေအနေက ဒီထက် ပိုဆိုးသွားနိုင်ပါတယ်” ဟု လူမူ ကယ်ဆယ်ရေး လုပ်နေသူ ကျောက်ဖြူ ဒေသခံ တစ်ဦးက ပြောသည်။

ယခုအခါ အဆိုပါဒေသတွင် ၀မ်းရောဂါ ဆိုးဆိုးရွားရွားခံစားနေကြရပြီး မသန့်ရှင်းသော သောက်သုံးရေများကို အသုံးပြု ရခြင်းနှင့် အမိုးအကာမရှိသော ယာယီတဲများတွင် နေထိုင်နေကြရာမှ ယခုကဲ့သို့ ၀မ်းရောဂါ ဖြစ်ပွားလာခြင်း ဖြစ်ကြောင်း သိရသည်။

“ အခု ရောဂါ ဖြစ်ပွားနေတဲ့ ဒေသက ပင်လယ် ကမ်းစပ်နီး ဒေသတွေ ဖြစ်ပါတယ်။ အခုအချိန်ထိ လူပေါင်း ၅၀၀ ခန့်ဟာ အမိုးအကာ မရှိတဲ့ ယာယီတဲတွေမှာ နေထိုင် နေကြရတုန်း ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ဖြစ်နေတော့ သူတို့ကို ဘယ်သူမှ ခုချိန်မှာ အရေးစိုက်မူတွေ လုပ်တာ မရှိဘူး။ ကျန်းမာရေး စောင့်ရှောက်မူလည်း မရှိဘူးလို့ သိရပါတယ်” ဟု သူက ပြောသည်။

နဖအ စစ်အာဏာပိုင်များသည် ရွေးကောက်ပွဲ အပေါ်သာ အဓိက အာရုံ စူးစိုက်နေပြီး ဒေသ အာဏာပိုင်များမှလည်း ရွေးကောက်ပွဲတွင် ကြံ့ဖွံ့ အနိုင်ရရေးကိုသာ လုံးပန်းထုတ်နေသဖြင့် များမကြာမှီက တိုက်ခိုက်ခဲ့သော မုန်တိုင်းကြောင့် ဘ၀ ပျက်ခဲ့ရသည့် လေဘေး ဒုက္ခသည်များ အပေါ် တစုံတရာ အလေးထားခြင်း မရှိတော့ကြောင်း သိရသည်။ရခိုင်ပြည်နယ်မှ လေဘေးသင့် ဒေသများတွင် များစွာသော ပြည်သူများမှာ စားနပ်ရိက္ခာ အထောက်အပံ့ အလုံအလောက် မရရှိခြင်း၊ အမိုးအကာ မရှိသော နေရာများတွင် နေထိုင်နေရခြင်း၊ သောက်ရေ သုံးရေ ရှားပါး ပြတ်လပ်နေခြင်းများနှင့် ရင်ဆိုင် နေကြရကြောင်း သတင်း ရရှိသည်။

မြန်မာနိုင်ငံတွင်းက တိုက်ပွဲကြောင့် ထွက်ပြေးလာသူ ဒုက္ဒသည် ၂၀,၀၀၀ အထိတိုးလာ

Tuesday, 09 November 2010
မြ၀တီမြို့တွင် တနင်္လာနေ့က ဖြစ်ပွားသော တိုက်ပွဲကြောင့် ထွက်ပြေးလာသော ဒုက္ခသည် ၂၀,၀၀၀ အထိ တိုးလာကြောင်း မဲဆောက်မြို့ရှိ အကူအညီပေးရေး အဖွဲ့များက ဆိုပါသည်။ခန့်မှန်းခြေ ဒုက္ခသည် ၃,၀၀၀ လောက် ဘုရားသုံးဆူဒေသမှ ထိုင်းနိုင်ငံသို့ ထွက်ပြေး ရောက်ရှိလာခဲ့ သည်။ ဒုက္ခသည်များကို သောက်ရေ၊ အမိုးအကာ၊ နှင့် စားစာရာများကို ပေးဝေခဲ့ပါသည်။ ဒုက္ခသည်များ အများအပြား ရောက်ရှိလာမှုကြောင့် ယနေ့မှသာ စားစရာများကို ပေးဝေနိုင်ခဲ့ခြင်း ဖြစ်သည်။ “ထောက်ပံ့ရေးပစ္စည်းများ အတော်ကို မလုံမလောက်ဖြစ်နေတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ပထမ ဦးစားပေး က လူတွေကို ကူညီဘို့ပါ” လို့ ထိုင်းစစ်အရာရှိ တစ်ဦးက ဆိုပါသည်။
မြ၀တီ စစ်ဘေး ဒုက္ခသည်များအား သောင်းရင်းမြစ်ကမ်း၌ တွေ့မြင်ရစဉ်

ယနေ့ အင်္ဂါနေ့မှာတော့ မြ၀တီမြို့ဟာ ငြိမ်သက်လျက် ရှိနေသည်။ ကရင်သူပုန် စစ်သားများ မြို့က ပြန်ထွက်သွားပြီးဖြစ်သည်။ ဒုက္ခသည်များလည်း မြ၀တီမြို့ဘက်သို့ စတင်ပြန်နေကြပြီ ဖြစ်သည်။ မြန်မာစစ်တပ်နှင့် ဒီကေဘီအေ တပ်မဟာ ၅ တို့အကြား တနင်္လာနေ့ နံနက်ပိုင်းက ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် အနည်းဆုံး အရပ်သား ၃ ဦး သေဆုံးခဲ့ပြီး လူ ဆယ်ဂဏန်းခန့် ဒဏ်ရာ ရရှိခဲ့သည်။လက်နက်ကြီးကျည်များလည်း မဲဆောက်ဘက်သို့ ကျရောက် ပေါက်ကွဲခဲ့သည်။ထို့ကြောင့် စာသင်ကျောင်းတစ်ကျောင်း၊ ဈေးတစ်ဈေး နှင့် နယ်စပ် အနီးရှိ အိမ်များ စက်ရုံများ ပိတ်ခဲ့ရသည်။ လက်နက်ကြီးကျည် တစ်လုံးမှာ ဈေးတစ်ခုကို ကျော်ပြီး ဈေးရောင်းသော နေရာတွင် ကျရောက် ပေါက်ကွဲခဲ့ပါသည်။ လက်နက်ကြီးကျည်က ထိုင်းဘက်ကို ရည်ရွယ်ပြီး ပစ်ခတ်တာ မဟုတ်လို့ ပြန်လည်တုန့်ပြန်မှာ မဟုတ်ပါဘူး ဟု ထိုင်းအရာရှိများက ဆိုပါသည်။ တနင်္လာနေ့က ဖြစ်ပွားသော တိုက်ပွဲကြောင့် မြစ်ကိုဖြတ်ကူးလာသော ဒုက္ခသည်များကို နယ်ခြားမြစ်မှ ၂ ကီလိုမီတာဝေးတဲ့ လွတ်မြောက်နေရာကို ရောက်အောင် ထိုင်းတပ်မတော်က ကူညီခဲ့သည်။ထိုင်းတပ်မတော်က ထပ်တိုးလာနိုင်တဲ့ ဒုက္ခသည် များအတွက်လည်း နေရာ ပြင်ဆင်ထားခဲ့သည်။

“ထိုင်းတပ်မတော်ကလည်း ထိုင်းမြန်မာနယ်စပ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (တီဘီဘီစီ) အပါအ၀င် အခြားသော လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့များနှင့် နီးနီးကပ်ကပ် လျင်လျင်မြန်မြန် ပူးပေါင်း ဆောင်ရွက်နေတယ်” ဟု ကရင်သတင်းစဉ် (ကေအိုင်စီ) သတင်းထောက်တစ်ဦးက ဆိုပါသည်။ တနင်္လာနေ့က မြ၀တီမြို့တွင် တိုက်ပွဲ စတင်ဖြစ်ဖြစ်ချင်းတွင် ဒုက္ခသည်အများစုသည် အနီးအနားရှိ ဘုန်းကြီးကျောင်းများသို့ သွားရောက်ခိုလှုံခဲ့ကြပြီး အချို့မှာ မည်သည့်နေရာသို့မှ မထွက်ခွာနိုင် ပဲ ၎င်းတို့ အိမ်များတွင်သာ ပုန်းအောင်းနေကြသည်။ “ကျမတို့ အရမ်းကြောက်တယ်” ဟု တိုက်ပွဲစတင်ဖြစ်ဖြစ်ချင်းတွင် မြို့တွင်း၌ ပိတ်မိနေသော မြ၀တီမြို့မှ အမျိုးသမီး တစ်ဦးက ဆိုပါသည်။ “ကျမတို့ ဘယ်နေရာကိုမှ မထွက်ပြေးနိုင်ဘူး။ လက်နက်ကြီးကျည်ကလည်း ကျမ အိမ်နားမှာ လာကွဲတယ်။ ကျမ အိမ်ထဲက အိမ်ပြင်ထွက်ဘို့တောင် အရမ်းကြောက်တယ်” ဟု သူမကဆိုသည်။ “ကျမမှာ ကြောက်လွန်းလို့ တကိုယ်လုံးတုန်နေတာ” ဟု မြ၀တီမြို့ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက ဆိုပါသည်။

မြ၀တီမှ ဒုက္ခသည် ထောင်ပေါင်းများစွာ ထိုင်းနိုင်ငံသို့ ခိုလှုံလာ

Monday, 08 November 2010

လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နေသည့် အဖွဲ့အစည်းများမှ ၀န်ထမ်းများသည် ယာယီတဲများ၊ အစားအသောက်များ ဒုက္ခသည်များအတွက် စီစဉ်နေပါသည်။ တချိန်တည်းမှာပင် ထိုင်းနယ်ခြားစောင့် တပ်ဖွဲ့များ နှင့် အန်ဂျီအိုများက ဒုက္ခသည်များကို ကူညီစောင့်ရှောက်ထားကြပါသည်။“ကျွန်တော်တို့ ရေ ဝေခဲ့တယ်၊ ပြီးတော့ ရွက်ဖျင် တဲတွေထိုးပေးခဲ့တယ်” ဟု ဒုက္ခသည်များကို အကူအညီပေးနေသည့် မြန်မာတစ်ဦးက ဆိုသည်။

မြ၀တီမှ ရောက်ရှိလာသော စစ်ပြေးဒုက္ခသည်များအား မဲဆောက်မြို့၌ တွေ့ရစဉ်

၎င်းကပင် ထိုင်းပြည်သူ့ကျန်းမာရေး ဌနမှ တာဝန်ရှိသူများ နှင့် ထိုင်းစစ်တပ် အရာရှိများလည်း အခြေအနေကို သုံးသပ်ရန် နယ်ခြားစောင့် တပ်ဝင်းသို့ ရောက်ရှိလာခဲ့သည်ဟု ဆိုသည်။တနင်္လာနေ့ နံနက်ပိုင်းက မြ၀တီမြို့တွင် မြန်မာတပ်များ နှင့် ဒီကေဘီအေ တပ်မဟာ (၅) တို့ အကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အနည်းဆုံး အရပ်သား ၃ဦး သေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိခဲ့သည်ဟု သိရှိရသည်။ မဲဆောက်မြို့သို့လည်း အမြောက်ဆံများ ကျရောက်ခဲ့သဖြင့် အနည်းဆုံး ကျောင်းတစ်ကျောင်း နှင့် အခြား နယ်စပ်ရှိ အစိုးရရုံးများကို ပိတ်ထားကြသည်။မြ၀တီဆေးရုံ တစ်ခုတည်းတွင် ဒဏ်ရာ ရရှိသူ အရပ်သား ၁၀၀ ခန့် ကုသမှု ခံယူနေသည်ဟု ကျေးရွာ ကျန်းမာရေးလုပ်သား တစ်ဦးက ပြောပါသည်။ မဲဆောက်မြို့ရှိ ဆေးရုံများ နှင့် ဆေးခန်းများကလည်း ဒဏ်ရာရရှိသူများကို ကုသမှုပေးရန် ပြင်ဆင်နေကြသည်ဟု သိရှိရသည်။မြ၀တီမြို့ နှင့် ၂ ကီလိုမီတာ အကွာမှာ တည်ရှိသည့် ဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီး တစ်ပါးက လူ ၅၀ ခန့် ယင်း၏ ကျောင်းတွင် ခိုလှုံနေကြသည်ဟု ဆိုသည်။ အနီးအနားရှိ အခြား ဘုန်းကြီးကျောင်းများတွင်လည်း ဒုက္ခသည်များဖြင့် ပြည့်နှက်နေသည်ဟု ဆိုသည်။

နယ်စပ်ဂိတ်များ နှင့် လမ်းများကို တနင်္လာနေ့ နံနက်က စပြီး မြန်မာစစ်တပ် နှင့် ဒီကေဘီအေတပ်များက ပိတ်ဆို့ ထားကြသဖြင့် ဒုက္ခသည် ၂၀၀ ခန့် သောင်းရင်းမြစ်ကို လှေဖြင့် ဖြတ်ပြီး မဲဆောက်သို့ ရောက်ရှိလာခဲ့သည်။ အချို့မှာ ခြေလျင် ဖြတ်လာကြသည်ဟု သိရသည်။မြ၀တီမြို့တွင် စီးပွားရေးလုပ်နေသော မြန်မာစစ်တပ်မှ ဗိုလ်မှူးဟောင်း တစ်ဦးက မဲဆောက်ကို ပြေးလာသူများတွင် ယင်း၏ မိသားစုလည်း ပါဝင်သည်ဟု ဆိုသည်။ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး တံတား အနီးက ဈေးသည် တစ်ဦးဖြစ်တဲ့ ဒေါ်လှသန်းက ကျည်ဆံတွေ လာမှန်မှာဆိုလို့ အိမ်အောက်မှာ ပုန်းနေခဲ့ရသည်ဟု ပြောသည်။အခြားသူများကတော့ အနိမ့်ဆုံး တိုက်ပွဲဖြစ်စဉ် အချိန်တွေမှာ မြ၀တီမှာ သောင်တင်နေကြသည်။“ကျွန်မတို့ အရမ်းကြောက်တယ်” ဟု မြ၀တီက အမျိုးသမီးတစ်ဦးက ပြောသည်။ “ကျွန်မတို့ ဘယ်မှ ပြေးလို့ မရဘူး။ လက်နက်ကြီး ကျည်တွေက ကျွန်မတို့ အိမ်နားမှာ ကျနေတယ်။ အိမ်ထဲက အိမ်ပြင် မထွက်ရဲဘူး”မြ၀တီ ရပ်ကွက် ၃ က တခြား အမျိုးသမီးတစ်ဦးကတော့ “ကျွန်မ ထိုင်းဖက်ကို သွားချင်တယ်။ သူတို့ လမ်းတွေ အကုန်ပိတ်ထားတယ်။ ကျွန်မတို့ သွားလို့ မရဘူး။ ကျွန်မဆို ကြောက်လွန်းလို့ တကိုယ်လုံးကို တုန်နေတာပဲ”

ရုပ်/ သံ ကြည့်ရှု့ နားဆင်လိုပါ က ...........

ဒီနေရာမှာ နှိပ်ပါ။

ဒီနေရာမှာ နှိပ်ပါ။

-----------------------------------------------------------------------------------------------------------------------

မိုးသီးဇွန် စစ်ပွဲဒုက္ခသည်များအား ကယ်ဆယ်မှု ရုပ်/ သံ

ဒီနေရာမှာ နှိပ်ပါ။

စစ်ပြေးဒုက္ခသည်များ မဲဆောက်မြို့သို့ ပြေးလာစဉ်

ဒီနေရာမှာ နှိပ်ပါ။

အားလုံး အမှန်ပဲဟေ့

administrator Monday, 08 November 2010 18:01 ကာတွန်း
ca-nov-08-10

တဘက်သတ် မလုပ်ပါဘူး

ဟန်လေး Sunday, 07 November 2010 18:29 ကာတွန်း
ca-nov-07-10

မထည့်မဖြစ် ကြိုတင်မဲ

ဟန်လေး Saturday, 06 November 2010 18:45 ကာတွန်း
ca-nov-06-10
-

သေချာပေါက်ကို လိမ်ပါတယ်

အောင်သက်ဝိုင်း Tuesday, 09 November 2010 19:04 ဆောင်းပါး
သတင်းထောက်တဦးရဲ့ ရွေးကောက်ပွဲနေ့ မှတ်တမ်း

မဲရုံစဖွင့်တာနဲ့ ကျနော် အိမ်က စထွက်တယ်။ မနက် ၆ နာရီလောက်ပေါ့။ အဲဒီမှာ မဲရုံတွေမှာ လူမရှိဘူး။ လူတွေက မဲရုံတွေမှာ ခပ်ပါးပါးပဲ။
အင်းစိန်၊ မရမ်းကုန်း၊ တောင်ဥက္ကလာ၊ မင်္ဂလာတောင်ညွန့်၊ စမ်းချောင်း အဲဒီလိုပေါ့၊ အကုန်လုံး မြို့နယ်တွေကို ဓာတ်ပုံ လျှောက်ရိုက်တဲ့ အချိန်မှာ ၁၁ နာရီ၊ ၁၂ နာရီ လောက်အထိ ဘယ်သူမှ ထွက်မလာဘူး။ ရှိတော့ရှိတယ်၊ ဥပမာ ၃ ယောက် တတွဲလေး လာတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။ ကြိတ်ကြိတ်တိုးတာတော့ လုံးဝမရှိဘူး။ အဲဒီတော့ မဲရုံတွေမှာ တော်တော် များများ မေးလိုက်ရင် လူဦးရေ ၈၀၀ ရှိတဲ့မဲရုံတွေ ဆိုရင် လာပေးတဲ့မဲက ၂၀၀ ကျော်ကျော် ပေါ့။ အဲဒီမှာ ကြိုတင်မဲက ၂၀၀ ကျော်ကျော်လောက် ရှိတယ်။ မဲရုံတိုင်းမှာ ဖြစ်နေတယ်။ အပြည့်အစုံ သို့ 
voting-by-IDY

(ဓာတ်ပုံ - ဧရာဝတီ)


နောက်တခု ဘာထပ် ထူးခြားလဲဆိုတော့ ကြံ့ဖွံ့တွေက သူတို့ ရင်ထိုးတံဆိပ်တွေနဲ့ မဲရုံရှေ့မှာ စောင့်နေတယ်။ မဲရုံရှေ့က နေ စောင့်ပြီးတော့ မဲလာပေးတဲ့လူတွေကို သူတို့က အမှန်ခြစ်ဖို့ အမူအရာနဲ့ ပြတာမျိုးတွေ့ရတယ်။ ဒါပေမယ့် မဲပေးတဲ့ နေရာမှာ လူတွေကို လွတ်လွတ်လပ်လပ် ပေးလို့ ရလားလို့မေးတော့ ရပါတယ် လို့ပြောတယ်။ ဒါကတော့ မဲပေးတဲ့ နေရာ မှာပေါ့။
အဓိက ပြဿနာ တက်တာက ကြိုတင်မဲရှိသလို၊ နောက်တခုက ကြံ့ဖွံ့က မဲစာရင်းထဲမှာ မပါတဲ့၊ မှတ်ပုံတင် မရှိတဲ့ သူတွေကို ငွေပေးပြီး ရယက ထောက်ခံချက်နဲ့ မဲပေးခိုင်းတာမျိုးလည်း တွေ့ရတယ်






0 comments: