2009-09-27

Test

လေဆိပ်တွင် ဖမ်းဆီးခံရသူကို ဆေးကုပေးရန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
ဒီပို့ စ်ကို မျှဝေတင်ပို့ သူ Co2zenith အကြောင်းအရာ N.E.W.S
အာဏာပိုင်တို့က အကြမ်းဖက်သမားဟု စွပ်စွဲပြီး နှိပ်စက်ညှဉ်းပန်းထားသည့် ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုညီညီအောင်အား ဆေးကုသမှုပေးရန် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က ကြာသပတေးနေ့တွင် တောင်းဆိုလိုက်သည်။ AI အဖွဲ့က ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် ကိုညီညီအောင် ဖမ်းဆီးခံရသည့် အစောပိုင်း ရက်များအတွင်း ၇ ရက်ခန့် အစားအစာ ကျွေးမွေးမှု မပြုခြင်း၊ အိပ်ချိန်မပေးဘဲ စစ်ဆေး မေးမြန်းခြင်း၊ ထိုးကြိတ် ရိုက်နှက်ခြင်း တို့ကို ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။ ကိုညီညီအောင်သည် အမေရိကန် နိုင်ငံသားတဦးလည်း ဖြစ်သောကြောင့် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ အမေရိကန်သံရုံး အရာရှိတဦး သွားရောက် တွေ့ဆုံခွင့် ရခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံစဉ် ကိုညီညီအောင်က နှိပ်စက်ညှဉ်းပန်းခံရပုံကို ပြောကြားခဲ့ကြောင်း သိရသည်။ “ထိုသို့ သွားရောက် တွေ့ဆုံခွင့် ရပြီးချိန်မှ စ၍ အမေရိကန်သံရုံးသည် အကျဉ်းကျခံ အမေရိကန်နိုင်ငံသား တဦး နှိပ်စက်ညှဉ်းပန်းခံရသည်ဟူသော အချက်နှင့် ပတ်သက်ပြီး ကန့်ကွက်ကြောင်း စာတစောင် ရေးသားပြီး မြန်မာအစိုးရထံသို့ ပေးပို့ခဲ့သည်” ဟု သံရုံးမှ ပြောခွင့်ရ အရာရှိတဦးဖြစ်သူ Drake Weisert က ဧရာဝတီသို့ ရှင်းပြခဲ့သည်။ အမေရိကန် နိုင်ငံသားအဖြစ် ခံယူထားသော ကိုညီညီအောင်သည် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းက ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်ခဲ့ရာ မင်္ဂလာဒုံလေဆိပ်တွင် အာဏာပိုင်တို့က ထိန်းသိမ်းခဲ့သည်။ အာဏာပိုင်တို့က ထိုသို့ ဖမ်းဆီးပြီး ၃ ပတ်အကြာတွင် ကိုညီညီအောင်သည် အကြမ်းဖက် ဖောက်ခွဲရေး သမားတဦးဖြစ်ကြောင်း စွပ်စွဲပြောကြားလိုက်သည်။ အကြမ်းဖက်သမားအဖြစ် စွပ်စွဲခံရသူမှာ ကိုညီညီအောင် တဦးတည်း မဟုတ်ပေ။ မြန်မာပြည်မှ နိုင်ငံရေးသမား အများအပြားသည် ထိုသို့ စွပ်စွဲခံရပြီး အကျဉ်းချခံထားရသည်။ မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့်အပတ်က နိုင်ငံရေး အကျဉ်းသား တချို့ ခြွင်းချက်ဖြင့် ပြန်လည် လွတ်မြောက်လာသည်။ ဟောင်ကောင်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တခုက ထိုသို့ လွတ်မြောက်လာခြင်းကို ကြိုဆိုလိုက်သည်။ “သို့သော်လည်း ထိုလွတ်မြောက်သူများသည် စစ်ကြောရေး ကာလအတွင်း စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်း ဆိုင်ရာ ရိုက်နှက်၊ ညှဉ်းပန်း နှိပ်စက်မှုများ ကြုံတွေ့ခဲ့ရကြောင်း” အာရှ လူ့အခွင့်အရေး ကော်မရှင် (AHRC) က ကြာသပတေးနေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။ နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေးအတွက် ကမ္ဘာ့ကြက်ခြေနီအဖွဲ့က ၎င်းတို့ထံ သွားရောက် တွေ့ဆုံရန် လိုအပ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကမ္ဘာ့ကြက်ခြေနီအဖွဲ့သည် ယခင်က နိုင်ငံရေး အကျဉ်းသားများထံသို့ သွားရောက်ခွင့် ရခဲ့သည်။
သို့သော်လည်း ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် ထိုသို့ သွားရောက်ခွင့် ပိတ်ပင်ခံရသည်။

မြန်မာ့အရေး ကျွမ်းကျင်သူများ ပါဝင်မည့် ဝက်ဘ်၏ ကြားနာမှု

သောကြာနေ့၊ စက်တင်ဘာလ 25 ရက် 2009 ခုနှစ် 19 နာရီ 46 မိနစ်
မြန်မာပြည်နှင့် ဆက်ဆံရန် ပြင်းပြစွာ ထောက်ခံသူ အမေရိကန် ဆီးနိတ်အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ဦးစီးသော ယခုလ ၃၀ ရက်နေ့တွင် ပြုလုပ်မည့် အထက် လွှတ်တော် ကြားနာမှုတွင် မြန်မာနှင့် ဆက်ဆံရေး အရေးကြီးပုံကို ပြောဆိုရန် ပါမောက္ခ ဒေးဗစ်အိုင်စတိန်းဘတ် အပါအဝင် မြန်မာ့အရေး ကျွမ်းကျင်သူ ၄ ဦးကို ရှိနေသည်။ “မြန်မာနိုင်ငံအပေါ် အမေရိကန်၏ မူဝါဒနှင့် ၎င်း၏ အကျိုးရှိမှုနှင့် သက်ရောက်မှုများ“ ခေါင်းစဉ်နှင့် ပြုလုပ်မည့် ကြားနာမှုတွင် အမေရိကန် နိုင်ငံခြားရေး ဝြန်ကီးဌာနမှ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဒ်ကမ်ဘယ်၊ မြန်မာသမိုင်းပညာရှင် ဦးသန်းမြင့်ဦး၊ ပါမောက္ခ ဒေးဗစ်စီဝီလျံနှင့် အင်ဒီယားနား တက္ကသိုလ် ဘလူမင်တန်မှ ဥပဒေပါမောက္ခ ဂျွန်အက်စ်ဟက်ရှတင် ပါဝင်ကြမည်။
မစ္စတာဝက်ဘ်၏ ရုံးမှ ထုတ်ပြန်သော ကြေညာချက်အရ ကြားနာမှုသည် အမေရိကန်၏ လက်ရှိစီးပွားရေး ပိတ်ဆို့မှု မူဝါဒကို ပြန်လည်သုံးသပ်ရန်နှင့် မြန်မာ့ ဒီမိုကရေစီရေး အပြောင်းအလဲတွင် ပံ့ပိုးမြှင့်တင်ရန်အတွက် အမေရိကန်၏ အခန်းကဏ္ဍကို ဆွေးနွေးရန် ဖြစ်သည်ဟု ဆိုသည်။ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ဗုဒ္ဓဟူးနေ့တွင် မြန်မာနိုင်ငံအတွက် မူဝါဒနှင့် ပတ်သက်၍ အကြို ပြောကြားရာတွင် ပြန်လည်သုံးသပ်နေသည်မှာ ၆ လကျော်ပြီဖြစ်ကာ အမေရိကန်သည် မြန်မာအစိုးရနှင့် ပိတ်ဆို့မှုရော၊ ဆက်ဆံမှုပါ ပါရှိသော မူဝါဒအသစ်နှင့် ဆက်လက် လုပ်ဆောင်သွားမည်ဟု သူမက ပြောသည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီရေး ကူးပြောင်းမှု ရရှိလာစေရန် အခြေခံရည်ရွယ်ချက်များမှာမူ မပြောင်းလဲဘဲ အမေရိကန် အနေနှင့် အပြောင်းအလဲများ အတွက် အကျိုးရှိနိုင်မည့် ဆက်သွယ်ရေး လမ်းကြောင်းသစ်များ ရရှိလာစေရန် မြန်မာ ဗိုလ်ချုပ်များနှင့် တိုက်ရိုက် ဆက်ဆံမည်ဟု မစ္စစ်ကလင်တန်က ပြောကြားသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ အစောပိုင်းတွင် သူမက အမေရိကန်၏ လက်ရှိ စီးပွားရေး ပိတ်ဆို့သော မူဝါဒရော တရုတ်၊ အိန္ဒိယနှင့် အာဆီယမ်နိုင်ငံများ အပါအဝင် အိမ်နီးချင်း နိုင်ငံများ၏ အပြုသဘော ဆက်ဆံရေး မူဝါဒပါ ထိရောက်မှု မရှိခဲ့ဟု ပြောဆိုခဲ့သည်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ အီယမ်ကယ်လီက ကြာသပတေးနေ့က ပြုလုပ်သော ပုံမှန် သတင်းစာ ရှင်းလင်းပွဲတွင် မကြာခင် သတ်မှတ်ပေးမည့် အခြားသော ပြောဆိုမည့် သူများနှင့်အတူ ကာဒ်ကမ့်ဘယ်က မြန်မာနိုင်ငံအတွက် မူဝါဒကို ဦးဆောင် သွားလိမ့်မည်ဟု ပြောကြားသည်။
အစောပိုင်းက အထက်လွှတ်တော် ကော်မတီ ကြားနာမှုကို အောက်တိုဘာလ ၁ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ် ထားသော်လည်း ယခုလ ၃၀ ရက်နေ့ ညနေ ၃ နာရီ (ဒေသစံတော်ချိန်) သို့ ရွေှ့လိုက်ကြောင်း မစ္စတာဝက်ဘ်၏ ရုံးမှ အတည်ပြုပြောကြားသည်။

0 comments: